၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ (၁၀-၆-၂၀၂၀) နေ့တွင် ရှမ်းပြည်နယ်နမ္မတူမြို့နယ်ရှိ ကြူဆော့၊ လီဆူ၊ ကချင်နှစ်ခြင်း IDP စခန်း စုစုပေါင်း(၃)ခုသို့ သွားရောက်၍ Hand Speaker (၃)ခုနှင့် COVID-19 အသိပညာပေးအသံ ဖိုင်ထည့်သွင်းထားသော Memory Stick (၃)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။
၃။ အလားတူချင်းပြည်နယ်၊ ဆမီးမြို့နယ်ရှိ စုစုပေါင်းတိုက်ပွဲရှောင်စခန်း(၇)ခုသို့သွား ရောက်၍ ဗီနိုင်း(၁၄)ခုအားထောက်ပံ့ခဲ့ပါသည်။
၄။ (၁၀-၆-၂၀၂၀)နေ့နှင့်(၁၁-၆-၂၀၂၀)နေ့တို့တွင်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဘောဒူဖ(၁)၊ ဒါးပိုင်၊ သက္ကေပြင် IDP စခန်း စုစုပေါင်း(၃)ခုနှင့် မင်းပြားမြို့နယ်ရှိ ကျွန်းတောရွှေဖောင်တောဘုန်းကြီးကျောင်း၊ ရွာသစ်ကေဘုန်းကြီးကျောင်း၊ နရမ်းရွာကြီးဓမ္မာရုံ၊ နရမ်းအုပ်စုဘုန်းတော်ကြီးကျောင်း၊ သေကန်ဘုန်းတော်ကြီးကျောင်း၊ အမ်းသားဘုန်းတော်ကြီးကျောင်း စုစုပေါင်းတိုက်ပွဲရှောင်စခန်း(၆)ခုသို့သွားရောက်၍ ဆပ်ပြာ(၂၃၆၉)တောင့်၊ အဝတ်Mask (၄၇၃၈)ခု၊ လက်သန့်ဆေးရည် (၁၁၈၀)ဗူး၊ အပူချိန်တိုင်းကိရိယာ (၆)ခု၊ ဗီနိုင်း(၁၇)ခု၊ Hand Speaker (၆)ခု ဆပ်ပြာ(၃၅၀၀)ခဲ၊ ဆပ်ပြာရည်(၈၆)ဗူး၊ SurgicalMask (၃၅၀၀)ခုနှင့်COVID-19အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick(၆) ခုတို့အား ထောက်ပံ့ခဲ့ပါသည်။
၅။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။