လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၊ နယ်မြေ(၁၂)တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကမ်းပါးယံမြေပြိုကျမှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၉၀၀၀ဝိ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၈၉၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၈၉၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၁)ပုံးအား (၁၂-၆-၂၀၂၀)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_lsd
#shn_jun2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)