Latest News
-
သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ၌ (၉-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၀၅၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၁၀၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၁၀-၆-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၀)ရက်နေ့တွင် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရှမ်းစု၊ ကျွန်းကလေးကျေးရွာ၊ ဂရံစံပြကျးရွာ၊ကျွဲ နစ်ကျေးရွာ၊ ကိုင်းတောကျေးရွာ၊ ကြို့ပင်စခန်းကျေးရွာ၊ ကညင်တန်းကျေးရွာတို့တွင် (COVID – 19)ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သာပေါင်းမြို့နယ်၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ၌ (၁၁-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၆၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၁၂-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မောက်မယ်မြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO မှ ဒုတိယ-ဉက္ကဌဉီးခွန်မြင့်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းငေါင်းဆိုင်ဟိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးခွန်ဟန်သိန်းဉီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ကျောက်မနွဲ့ဘုန်းတော်ကြီးကျောင်း၌ မောက်မယ်မြို့နယ်အတွင်းရှိကျေးရွာများ၌ (၁-၅-၂၀၂၀) ရက်နေ့နှင့် (၁၁-၅-၂၀၂၀) ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၇)အိမ် အမိုးလန်(တစိတ်တပိုင်း)ပျက်စီးခဲ့သဖြင့် ဘေးသင့်ခဲ့သည့်လူဉီးရေ(၂၅၃)ဉီးအတွက် ဆန်ရိက္ခာဖိုး(၁)လစာ (၂၂၇၇၀၀ဝိ/-) (နှစ်ဆယ့်နှစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်တိတိ/-) အား ဘေးသင့်ပြည်သူများ၏ … Read more
-
မိုးကြိုးဘေးနှင့် မြေပြိုဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ (၁၂.၆.၂၀၂၀)ရက်နေ့ (၁၂း၃၀)အချိန်တွင် ကလေးဝမြို့စျေးအတွင်း၌ မိုးကြိုးဘေးလက်ကမ်းစာစောင်နှင့် မြေပြိုဘေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၆-၂၀၂၀)ရက်နေ့၊ (၁၈း၃၀) နာရီအချိန်ခန့်တွင် ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာ၊ ကလေးဝ အထွက် ကလေးဝ-ကျီကုန်း-ကလေးကားလမ်းတွင် မိုးရွားသွန်းမှုကြောင့် သဲကျောက်လွှာမြေပြိုမှုကြောင့် ဒဏ်ရာရထောက်ပံ့ ငွေ(၅၀,၀၀၀/-)ကျပ်နှင့် သေဆုံးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀, ၀၀၀/-)ကျပ်အား ကလေးဝမြို့နယ်အထွေထွေအုပ်ချင်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၁၂-၆-၂၀၂၀)ရက်နေ့၊ (၁၂း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #sgg_jun2020









