လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ဖလံအိုကျေး ရွာအုပ်စု၊ ဖလံအိုကျေးရွာတွင် (၁၅-၆-၂ဝ၂ဝ) ရက်နေ့၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေ အိမ်(၄) လုံး မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၃) ဦး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ထောင်စု (၄) စုစာ၊ နေအိမ် (၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅ဝဝ,ဝဝ၀/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၇,၃ဝ၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၇,၃ဝ၀/-) ကျပ်အား (၁၆-၆-၂ဝ၂ဝ) ရက်နေ့ (၁၂:ဝဝ) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ha_fir
#mgy_jun2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)