Latest News
-
lDPs စခန်းများ၌ (Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်၍ Hand speaker နှင့် Memory Stick များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင် မြို့နယ်အတွင်း IDP(camps) မိုင်းယု (ကုန်စုံ)၊ မိုင်းယုလေး၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်၊ နမ့်ဖက်ကာ နယ်မြေလေးစခန်းတစ်ခုလျှင် Hand Speaker (၁) ခု၊ Memory Stick (၁) ခုနှုန်းဖြင့် စုစုပေါင်း Hand Speaker (၄) ခု နှင့် Memory Stick (၄) ခု တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
multi-purpose shelter တည်ဆောက်နေမှုနှင့် ဝန်ထမ်းအိမ်ရာ (၃) ခန်းတွဲ (၂) ထပ်တည်ဆောက်နေမှု အား သွားရောက်စစ်ဆေး မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုရန်ပုံငွေဖြင့် ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်နှင့် ကန်သာယာရပ်ကွက်တို့တွင် multi-purpose shelter (၁)လုံးစီတည်ဆောက်နေမှုနှင့် ဦးစီးဌာန (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် သထုံခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းအိမ်ရာ (၃) ခန်းတွဲ (၂) ထပ်တည်ဆောက်နေမှုအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဦးစီးမှူးမှ project တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် တည်ဆောက် ရန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dev #mon_jun2020 Source: … Read more
-
COVID -19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် ရင်ထိုးတံဆိပ်များပေးအပ်
ဇွန်၁၃၊ မန္တလေး COVID -19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုး တံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ် နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင် ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅) နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ ငွေပေးခြင်းတို့ကို အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀) ရက်နေ့တွင် သာယာ ဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သဲဖြူကျေးရွာ၊ ကျွဲသတ်ကြီးကျေးရွာ၊ အင်းရွာကျေးရွာ၊ သုံးဆယ်မြို့ဈေး ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ဘုရားကြီးလမ်းရပ်ကွက်၊ အနောက်လက်ပံခုန်ရပ်ကွက်၊ အရှေ့ လက်ပံခုန်ရပ်ကွက်၊ သခွတ်ကုန်းရပ်ကွက်တို့တွင် (COVID – 19) ရောဂါ ကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
(Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး လှည့်လည် ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇရစ်ရပ်ကွက်၊ ကရပ်ပြင်ရပ်ကွက်၊ မြောက်ရွာရပ်ကွက်နှင့် သင်္ဘောဆိပ်ရပ်ကွက် တို့တွင် လောစပီကာတို့ဖြင့် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_jun2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု ၊စစ်ပြဲကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ စစ်ပြဲ ကျေးရွာအုပ်စု၊ စစ်ပြဲကျေးရွာ၌ (၁၂-၆-၂၀၂၀) ရက်နေ့ (၂၀:၀ဝ) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာအား (၁၃-၆-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jun2020 Source: … Read more









