COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေး ခြင်းကို ဖျာပုံမြို့နယ်၊ လက်ပန်ပင်ကျေးရွာအုပ်စု၊ လက်ပံကျေးရွာ၊ ကျုံကန်ကျေးရွာ၊ စပေကျေးရွာ၊ ထိတန်ရင်းကျေးရွာ၊ ထိတန်ဖျားကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗွီနိုင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_jun2020

Sign Up

Upcoming Events