
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀)နာရီအချိန်တွင် မိုးကြိုကာလနှင့်မိုးနှောင်းကာလတွင် ဖြစ်ပေါ်လေ့ရှိသော မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဖျာပုံမြို့နယ်၊ လက်ပန်ပင် ကျေးရွာအုပ်စု၊ လက်ပံကျေးရွာ၊ ကျုံကန်ကျေးရွာ၊ စပေကျေးရွာ၊ ထိတန်ရင်းကျေးရွာ၊ ထိတန်ဖျားကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_jun2020