လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့ ၊ (၀၉၀၀) အချိန်၌ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသ၊ တိုက်ပွဲရှောင်စခန်း(၂)ခုရှိ ဘိုးဘွားများအတွက် Foldable Bed (၁၄)လုံး၊ အိမ်ထောင်စု(၈၇၁)စု၊ လူဦးရေ (၅၂၈၁)ဦး တို့အတွက် ဆပ်ပြာ(၅၂၈၁)တုံးနှင့် ထုံးအိတ်(၂၀)အိတ်တို့အား သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #krn_jun2020

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့တွင် (၀၈:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ ငါးမန်းချောင်းကျေးရွာ၊ကျုံလွတ်ကျေးရွာ၊ ကျုံလွတ်သစ်ကျေးရွာ၊ သူဌေးကုန်းကျေးရွာ၊ ဇရပ်လှကျေးရွာ၊ သဘောချောင်းကျေးရွာ၊ လမုအုပ်ကျေးရွာ၊ ပတတ်ကျေးရွာ၊ ကံစုကျေးရွာနှင့် ကင်းတပ်ကျေးရွာတို့၌ Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို အများပြည်သူများ သိရှိလိုက်နာရန်ကွင်းဆင်း၍ အသံချဲ့စက်များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး … Read more

  • ကျောက်ဖြူ၊ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ အချိန်ယူ၍ အဆင့်ဆင့်အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေး မှုသတင်း

    ဇွန် ၁၉ ၊ နေပြည်တော် ကျောက်ဖြူ၊ ကျောက်တစ်လုံး IDPစခန်းပိတ်သိမ်းရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့် အညီ အချိန်ယူ၍အဆင့်ဆင့် အကောင်အထည်ဖော်ညှိနှိုင်းဆောင်ရွက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အွန်လိုင်း အစည်းအဝေး ပြုလုပ်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ရေးဆွဲ အတည်ပြုနိုင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ စနစ်တကျပိတ်သိမ်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် မှီခိုမှုကင်းစွာ ရပ်တည်နိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းများ … Read more

  • မိုးကြိုးဘေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ(၁၅:၃၀) နာရီအချိန်ထိ မိုးကြိုကာလနှင့် မိုး​နှောင်းကာလတွင်ဖြစ်​ပေါ်​လေ့ရှိ​သော မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ၊ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ​ဖျာပုံမြို့နယ်၊ ​ကြက်ဖ​မွှေး​ဇောင်းကျေးရွာအုပ်စု၊​ ကြက်ဖ​မွှေး​ဇောင်းကျေးရွာ၊ အဇုတ်ကြီးကျေးရွာ၊ တမံကြိုးကျေးရွာ၊ ကန္ဓီ​ကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jun2020

  • Covid_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ (၁၉-၆-၂၀၂၀)ရက်နေ့၊(၀၈:၀၀) နာရီချိန်မှ (၁၂:၀၀) နာရီ ချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပိဋကပ်ကျကျေးရွာ၊ ဇိန်ဇွန်း(အရှေ့)ကျေးရွာ၊ ဇိန်ဇွန်း(အနောက်)ကျေးရွာ၊ ပေါက်သာကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များ၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် ပတ်သက်သည့် ဆောင် ရန်/ရှောင်ရန် အချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • COVID -19  အသိပညာပေးခြင်းလုပ်ငန်းနှင့်မိုးကြိုးဘေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့ တွန်းပင်ကျေးရွာ၊ မော်ကူးကျေးရွာ၊ သရက်ပင်လယ်ချောင်ကျေးရွာ စသည့်ကျေးရွာများတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆောင်ရွက် ခြင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့် ပတ်သတ်၍လည်း ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များကိုလည်း ပြည်သူများသို့ဖြန့် ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)