လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် နံနက် (၀၈:၃၀) နာရီမှ (၁၄:၀၀) နာရီအချိန်အထိ ကခလးခရိုင်၊ ကလေးမြို့၊ ချင်းဆိုင်ကျေးရွာ၊ မြို့ကြီးကုန်းကျေးရွာ၊ နဂါးပွက်ကျေးရွာ ၊ သာယာကုန်းကျေးရွာ၊ သာယာဝတီကျေးရွာ၊ ထိုမာကျေးစွာများသို့ သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန်နှင့် မိုးကြိုးဘေး နှင့် ရေဘေး အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_jun2020