
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မင်္ဂလာဥယျာဥ်ရပ်ကွက်၊ သံတံတားချောင်းအတွင်း အမှိုက်များပိတ်ဆို့မှုကြောင့် ချောင်းဘေး ဝဲယာရှိ လယ်ဧက(၁၀၀)ကျော်သည် ရေရရှိရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ယင်းချောင်းအတွင်းရှိ အမှိုက်များဖယ်ရှားပြီး ရွှံ့နွံများအား တူးဖော်ရန် လိုအပ်သည့် စက်သုံးဆီဖိုး(၆၀၀,၀၀၀/-)ကျပ်နှင့် စက်ငှားရမ်းခ (၁,၄၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၂,၀၀၀,၀၀၀/-)ကျပ်အား ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကလေး မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ကလေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မင်္ဂလာဥယျာဥ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#sgg _jun2020