Latest News
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ မဿမံကျေးရွာ၌ (၂၀-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ(၃၀၀၀၀ဝိ/-)အား (၂၂-၆-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ သေဆုံးသူ၏မိသားစုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးခြင်းလုပ် ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် ကလေးမြို့နယ်၊ ကံကြီးကျေးရွာ၊ ကံလှကျေးရွာ၊ ကြက်ဖနက်ကျေးရွာ၊ (၅၅) မိုင်ကျေးရွာနှင့် နန်း ကျင်းဆောင်ကျေးရွာများတွင် မိုးကြိုးဘေးအသိပညာပေးခြင်း၊ covid-19 အသိပညာပေးခြင်း နှင့် မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးစပါးစိုက်ဧက (၇၅.၇)ဧက အတွက် ပြန်လည်စိုက်ပျိုးစရိပ် ထောက်ပံ့ငွေ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ၂၀၁၉ ခုနှစ်အတွင်း ဘော်ဘင်ချောင်း ရေမြင့်တက်မှုကြောင့် ရေနစ်မြှုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧက (၇၅.၇)ဧက အတွက် ပြန်လည်စိုက်ပျိုးစရိပ် (၇၅၇၀၀၀၀/-)ကျပ်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားအား ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ခြင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ထောက်ပံ့ရခြင်းအကြောင်းရှင်းလင်းပြောကြားခြင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာန ညွန်ကြားရေးမှူးတို့မှ ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကာ … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့်မုန်တိုင်းဘေးအသိပညာပေးခြင်းလုပ် ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၂-၆-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီဦတိုကျေးရွာအုပ်စုအတွင်းရှိ မဲဇလီ ရွာမကျေးရွာ၊ ကျော်နုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကဇန်းချောင်းကျေးရွာ၊ စခန်းချောင်းကျေးရွာ၊ အရှေ့စုကျေး ရွာနှင့် ထန်းလျက်ချောင်းကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက် များအား အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Hand Speaker ၊Loud Speaker များဖြင့် လှည့်လှည်၍ … Read more
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) အိမ်ထောင် (၁) စု၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်အား (၂၂-၆-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg_jun2020
-
IDP စခန်းရှိပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ ကျောက်တစ်လုံး IDP စခန်းတွင် COVID-19 ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ဆပ်ပြာ( ၁၀၁၀)တောင့်၊ အဝတ် Mask (၂၀၂၀)ခု၊ Themal Sensar (၂)ခု၊ Hand Gel (၇၂၆)ဗူး၊ Hand Speaker (၁)ခု၊ Memory stick (၁) ချောင်း၊PPE ဝတ်စုံ (၄) စုံ၊ ထုံး(၅ ပိဿာပါ) (၁၀)အိတ်နှင့် လမ်းညွှန် ဗီနိုင်း(၂)ချပ် တို့အား … Read more









