မိုးကြိုးဘေးအသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀)ရက်နေ့တွင် ရှမ်းတဲမေတ္တာပရဟိတအဖွဲ့နှင့်ပူးပေါင်း၍ မိတ္ထီလာ မြို့နယ်၊ ကျောက်ဖြူကုန်းအုပ်စု (အင်းပလက်၊ မြင်းတော်ကန်၊ ဆူးဖြူကွက်၊ ကျောက်ဖြူကုန်း၊ အုတ်နှဲဘုတ်၊စည်ပင်သာ)၊ လိန်တော်အုပ်စု (လိန်တော၊ ကျောင်းရာကန်၊ ဆည်ရွာ၊ ကန်ကောင်း၊ အံ့ထူး)နှင့် ဂဠုံကုန်းအုပ်စု (ဂဠံကုန်း၊ ရွာမ၊ အုတ်မြေကံ၊ သဲတော၊မြင်သာ၊ပျော်ဘွယ်(ရ)၊ ရှင်းမြို့၊ ခါးကော့)ကျေးရွာများရှိ ပြည်သူများအား Covid_19ကူးစက် ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy_jun2020

Sign Up

Upcoming Events