Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တံခါးမြို့ နယ်အတွင်းရှိ ဇရပ်ခင်ရွာဟောင်းကျေးရွာ၊ ဇရပ်ခင်ရွာသစ်ကျေးရွာ၊ သဲဖြူရွာဟောင်းကျေးရွာ သဲဖြူရွာသစ်ကျေးရွာအောက်တဲစုကျေးရွာနှင့် ပဲနွယ်ကုန်းမြို့ကမ္ဘောဇရပ်ကွက်၊ သံမဏိရပ်ကွက် တို့တွင်(၂၄-၆-၂၀၂၀) ရက်နေ့နံနက် (၁၀.၀၀) နာရီအချိန်မှစတင်၍ COVID-19 ကူးစက် ရောဂါ နှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မင်္ဂလာဥယျာဥ်ရပ်ကွက်၊ သံတံတားချောင်းအတွင်း အမှိုက်များပိတ်ဆို့မှုကြောင့် ချောင်းဘေး ဝဲယာရှိ လယ်ဧက(၁၀၀)ကျော်သည် ရေရရှိရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ယင်းချောင်းအတွင်းရှိ အမှိုက်များဖယ်ရှားပြီး ရွှံ့နွံများအား တူးဖော်ရန် လိုအပ်သည့် စက်သုံးဆီဖိုး(၆၀၀,၀၀၀/-)ကျပ်နှင့် စက်ငှားရမ်းခ (၁,၄၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၂,၀၀၀,၀၀၀/-)ကျပ်အား ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကလေး မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ကလေးမြို့နယ်၊ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး နှင့် ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် နံနက် (၀၈:၃၀) နာရီမှ (၁၄:၀၀) နာရီအချိန်အထိ ကခလးခရိုင်၊ ကလေးမြို့၊ ချင်းဆိုင်ကျေးရွာ၊ မြို့ကြီးကုန်းကျေးရွာ၊ နဂါးပွက်ကျေးရွာ ၊ သာယာကုန်းကျေးရွာ၊ သာယာဝတီကျေးရွာ၊ ထိုမာကျေးစွာများသို့ သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန်နှင့် မိုးကြိုးဘေး နှင့် ရေဘေး အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ နန္ဒဝင်ရပ်၊ နယ်မြေ (၁)၊ နယ်မြေ (၂)၊ နယ်မြေ(၃)၊ နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၆)၊ နယ်မြေ(၇) များတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းပေးရရှိပါသည်။ #ar #sgg_jun2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ လိမ်တော ကျေးရွာအုပ်စု၊ ရွာပုလဲကျေးရွာ၊ ရွာထောင်ကျေးရွာ၊ လိမ်တောကျေးရွာ၊ ဂုန်တန်ကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ၊ မိုးကြိုးဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် သတိပေးချက်များအား လှည့်လည် ကြေညာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများးသည်(၂၃-၆-၂၀၂၀)ရက်နေ့တွင် ကောလင်းမြို့နယ်၊ ပဒုမ္မာကျေးရွာ၊ ကိုင်းကြီးကုန်းကျေးရွာ၊ ကျွန်းတော့ကျေးရွာ၊ တောင်အင်းလေးကျေးရွာ၊ ဝေကျးရွာသို့ Covid-19ရောဂါနှင့် မိုးကြိုးဘေး၊ ရေဘေးတို့နှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး နှိုးဆော်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _jun2020









