Latest News
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ ညနေ (၀၆:၀၀) နာရီအချိန်မှစ၍ မုံရွာမြို့၊ သလ္လာအမှတ် (၁) ရပ်ကွက်မှ အမှတ်(၁၀) ရပ်ကွက်အထိ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည် သူများ သိရှိလိုက်နာရန် ကွင်းဆင်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #sgg_jun2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေး၊ရေဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ အင်းတော်ကျေးရွာ၊ ကြိုးကြာဥကျေးရွာ၊ ကရွတ္တာကျေးရွာသို့ Covid-19ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေးတို့နှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _jun2020
-
ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့်ယာယီတိုက်ပွဲရှောင်စခန်းများတွင်COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
~~~~~~ Source: MOSWRR ~~~~~~ ဇွန်လ ၂၄၊ နေပြည်တော် ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ (၂၄-၆-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အမျိုးသားကျောင်းတိုက်၊ ကရုချောင်းကျောင်းတိုက်၊ ဗုဒ္ဓေါမော်ကျောင်းတိုက်၊ ဆည်ကြီးကျောင်းတိုက်၊ ဃောသိတာရုံကျောင်းတိုက်၊ ယတြာကျောင်းတိုက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဒကေ္ခာင်းကျောင်းတိုက်၊ မဏိရတနာကျောင်းတိုက်၊ မဟာအောင်မြေပုံကျောင်းတိုက်၊ သာသနာ့ဗိမ္မာန်ကျောင်းတိုက်၊ အလိုတော်ပြည့်ကျောင်းတိုက်၊ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ ဓမ္မာရာမကျောင်းတိုက်၊ နန်းရွှေဂူကျောင်းတိုက်၊ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ် (၆) ခုမှ အိမ်ထောင်စု (၂၄၅) စု၊ လူဦးရေ (၁၁၁၅) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၃၄၈) အိတ်၊ (၁၀) ပြည်၊ (၄)ဘူး နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ကယ်ဆယ်ရေးစခန်းရှိ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၉) စု၊ လူဦးရေ (၈၀) တို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၁)အိတ်၊ … Read more
-
Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝါးတန်းကျေးရွာ၊ ဖောင်းကားကျေးရွာ၊ တောင်ပလူကျေးရွာ၊ ကျော်ရွာကျေးရွာ၊ အောင်ချမ်းစည်ကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး ရေဘေး၊ မိုးကြိုးဘေး၊ COVID-19 ရောဂါတို့နှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _jun2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုဖြစ်ပေါ်နေသော သာစည်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊ ရွာပုလဲလေးကျေးရွာသို့ သောက်သုံးရေဂါလန် (၁၇၀၀) ကို (၂၄- ၆-၂၀၂၀) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mdy_jun2020









