မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် မိတ္ထီလာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ (၂၈-၆-၂၀၂၀) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mdy_jun2020
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events