Latest News
-
မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးနှင့် မလှိုင်မြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ မလှိုင်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ (၂၉-၆-၂၀၂၀) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_jun2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရသေ့တောင်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်
~~~~~~ Source: MOSWRR ~~~~~~ ဇွန်လ (၂၉)ရက်၊ နေပြည်တော် ~~~~~~ ဇွန်လ (၂၁) ရက်နေ့မှစတင်၍ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်၍ ဒေသခံများ ယာယီထွက်ပြေးတိမ်းရှောင်လာကြရာ ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်သို့ အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၄၇)ဦး၊ ချောင်းဝရပ်ကွက်သို့ အိမ်ထောင်စု(၄၉)စု၊ လူဦးရေ(၁၆၆)ဦး၊ စုစုပေါင်းနေရပ်စွန့်ခွာခဲ့သည့် အိမ်ထောင်စု(၈၆)စု၊ လူဦးရေ(၂၁၃)ဦးတို့အတွက် ဆန်ရိက္ခာ(၁၄)ရက်စာအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးက (၂၈-၆-၂၀၂၀) ရက်နေ့နှင့် (၂၉-၆-၂၀၂၀) ရက်နေ့များတွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံ သံအမတ်ကြီးအားလက်ခံတွေ့ဆုံမှုသတင်း
ဇွန်လ ၂၉ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H. E. Ms. Tone Tinnes အား ဝန်ကြီးရုံး၊ မေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါ သည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေသံအမတ်ကြီးသည် မကြာမီ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည်ဖြစ်ရာ ဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံအစိုးရနှင့် မိတ်ဘက်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာန မှဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ၊ … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့ (၁၆:၃၀) အချိန်ခန့်၌ မိုးညှင်းမြို့နယ် တောင်အင်းကျေးရွာတွင် မိုးရွာသွန်း၍ မိုးကြိုးထိမှန်မှု ကြောင့် ဒဏ်ရာရရှိသူ (၂) ဦးအတွက် (၁) ဦးလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၉-၆-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန် တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #kcn_jun2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိမှုသတင်း
ဇွန်လ ၂၉ နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နောင်ဟီး IDP စခန်းနှင့် မံစီမြို့နယ်ရှိ မံပိန်းကြီးကက်သလစ်နှင့် မံပိန်းကြီးနှစ်ခြင်း စုစုပေါင်း IDP စခန်း(၃)ခုသို့ သွားရောက်၍ လက်ဆေးစင်(၁၀)ခု၊ ဗီနိုင်း(၂)ချပ်၊ … Read more
-
COVID-19 ကပ်ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ဝန်ကြီးဌာနဝန်ထမ်းများအတွက် နှာခေါင်းစည်း Mask နှင့် Non-Contact Thermometer လှူဒါန်း
~~~~~~~ Source: MOSWRR ~~~~~~~ ၂၉ ဇွန်၊ နေပြည်တော် ~~~~~~~ COVID-19 ကပ်ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ဝန်ကြီးဌာနဝန်ထမ်းများအတွက် Myanmar Blue Sky Rescue Development Council က နှာခေါင်းစည်း Mask (၁၀,၀၀၀)ခုနှင့် Non-Contact Thermometer(၄၄)ခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ (၂၉-၆-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။









