
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦး၊ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီး၌ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၅၇) ဦး၊ စက်မှုဇုန်မြေနေရာစခန်း၌ အိမ်ထောင်စု(၅၁)စု၊ လူဦးရေ(၁၇၉)ဦး ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများ အတွက် ဆန်ရိက္ခါ (၂) ပတ်စာအတွက် (၃၅) အိတ် (၃) ပြည် (၄) ဗူးအားလည်းကောင်း အောင်ဖြူပြင်ကျေရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၂၃၅)ဦး၊ သရက်ချိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၆၄)စု၊ လူဦးရေ(၃၄၆)ဦး၊ ပန်းနီလာကျေးရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၂၇)စု၊ လူဦးရေ(၁၂၀)ဦး၊ ယိုးငူကျေးရွာဘုန်းတော်ကြီး၌ အိမ်ထောင်စု(၇၆)၊ လူဦးရေ(၃၇၃)ဦး၊ မှိုဟင်းတောကျေးရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၇၀)ဦး၊ သင်ပုန်းတန်း ကျေးရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၆၈)စု၊ လူဦးရေ(၂၂၅)ဦး၊ အလယ်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၅၀)စု၊ လူဦးရေ(၁၉၀)ဦး၊ မကျည်းချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၃)ဦး၊ ကံပြင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၄၈)စု၊ လူဦးရေ(၂၃၇)ဦး ထပ်မံရောက်ရှိလာသည့်တိုက်ပွဲရှောင်ပြည်သူ (၁,၈၀၉) ဦးအတွက် ဆန်ရိက္ခာ(၂)
ပါတ်စာဖိုးငွေ ခုနှစ်ဆယ့်ငါးသိန်းကိုးသောင်းခုနှစ်ထောင့်ရှစ်ရာ (၇,၅၉၇,၈၀၀) ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#rke_jul2020