Latest News
-
ရခိုင်ပြည်နယ်ရှိ ယာယီတိုက်ပွဲရှောင်နေရာများတွင် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
ဇွန်လ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက် ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိစေတီတောင်ရွာဟောင်းဘုန်းတော်ကြီးကျောင်း၊ ရှော်မယ်(အ.မ.က)၊ ထမ္မရာဇ်မြို့ကွက်သစ်၊ တင်းထိန်ကန်ကျေးရွာ(ဘုန်းကြီးကျောင်းဓမ္မာရုံ)၊ ပီပင်ရင်း ကျေးရွာ(ဘုန်းကြီးကျောင်း)၊ တောင်မြင့်ကျေးရွာ(ဘုန်းကြီးကျောင်းဓမ္မာရုံ)၊ စင်းဘောကိုင်းကျေးရွာ၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်း၊ ဝက်လှကျေးရွာအုပ်စု (ဘုန်းတော်ကြီးကျောင်း)၊ တိန်ညိုကျေးရွာ၊ ပြလှကျေးရွာအုပ်စု(ဘုန်းတော်ကြီးကျောင်း)၊ နကန်ကျေးရွာ(အရှေ့) ဘုန်းတော်ကြီးကျောင်း၊ ပုဇွန်ဖေ … Read more
-
ကမ်းပြိုရွှေ့ပြောင်းခဲ့သည့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် အင်္ဂပူ မြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ (၂၇-၆-၂၀၂၀) ရက်နေ့တွင် ကမ်းပြိုရွှေ့ပြောင်းခဲ့သည့်အိမ်ခြေ(၁)လုံး၊ ၄င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၄၂၀၀)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၀၄၂၀၀)ကျပ်ကို (၃၀-၆-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင်အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jun2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေး၊ရေဘေး၊မြေပြိုဘေးနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၆-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ စမ်းလှမ်းကျေးရွာ၊ ပင်လယ်ကမ်းကျေးရွာနှင့် ကျုံဂဏန်းကျေးရွာတို့တွင် လော်စပီကာ၊ Memory stickနှင့် Hand Speaker တို့ဖြင့် Covid-19 ရောဂါနှင့် ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၂၀) ရက်နေ့ မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင် စု (၁) စု၊ လူဦးရေ (၃) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်ကို (၃၀-၆-၂၀၂၀) နေ့တွင် မင်းကင်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ (၂၉-၆-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဝက်သဲကျေးရွာ၊ မီးမောင်းကုန်းကျေးရွာ၊ တူမောင်း ကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ၊ မိုးကြိုးဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် သတိပေးချက်များအား လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်၌ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေနှင့် ချင်း တွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၂၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၆,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၆,၇၀ဝ/-) ကျပ်အား (၃၀-၆-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) … Read more









