Covid-19 ရောဂါနှင့် မိုးတွင်းကာလဖြစ်ပွားတတ်သော ဘေးအန္တရယ်များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်နေမှသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၅-၇-၂၀၂၀) ရက်နေ့တွင် အောက်ရွာကြီးကျေးရွာအုပ်စုရှိ သိုက်တူးကွင်းကျေးရွာ၊ ရှမ်း‌တောကျေးရွာ၊ မဲဇလီစုကျေးရွာ၊ အောက်ရွာကြီး‌ကျေးရွာ၊ ဒယ်ပုတ်ကွင်းကျေးရွာအုပ်စုရှိ အ‌ရှေ့စုကျေးရွာ၊‌ ထန်းပင်ကုန်းတာကြီးတန်းကျေးရွာ၊ ရေဝါကျေးရွာ၊‌ရေဝါကုန်းကျေးရွာများ၊ ဆုံကုန်းကျေးရွာအုပ်စုရှိ တာနားကျေးရွာ၊ အလယ်ကွင်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွားတတ်သော ဘေးအန္တရယ်များနှင်ပတ်သက်၍ ဆောင်ရန်‌ရှောင်ရန်များကို ပြည်သူများ အလွယ်တကူသိရှိလိုက်နာ နိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

#ar
#ayy_jul2020

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events