
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃-၇-၂၀၂၀) ရက်နေ့တွင် ညောင်ကျိုး ကျေးရွာအုပ်စုရှိ ပန်းဒိုးကျေးရွာ၊ လက်ကျားကျေးရွာ၊ ငှက်သအော်ကျေးရွာ၊ ညောင်တုံးလဲကျေးရွာ၊ ညောင်ပင်သာ(ရှေ့)ကျေးရွာ၊ ညောင်ပင်သာ(နောက်)ကျေးရွာများ၊ လူတော်စုကျေးရွာအုပ်စုရှိ ထိန်ကုန်းကျေးရွာ၊ ညောင်ပင်ကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာသော ဘေးအန္တရယ်များနှင် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ပြည်သူများ အလွယ်တကူသိရှိလိုက်နာနိုင်ရေး အတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_jul2020