မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သရက်ခရိုင်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်အတွင်း နွေရာသီရေရှားပါး ပြတ်လပ်လျက်ရှိသည့် ပြရေကျေးရွာအုပ်စု၊ ဝက်သားစားကျေးရွာရှိ အိမ်ခြေ (၅၇) လုံး၊ အိမ်ထောင်စု (၅၅) စု၊ လူဦးရေ (၂၂၅) ဦးတို့အတွက် (၃-၇-၂၀၂၀) ရက်နေ့၌ သောက်သုံးရေဂါလန် (၃,၂၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_jul2020     Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့နယ်၊ လယ်ဇင်စံပြကျေးရွာ၊ သက္ကယ်ကျင်းရွာ၊ ရွာထောင်ကျေးရွာများရှိ မိဘပြည်သူများအား covid-19 ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_Jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၇-၂၀၂၀) ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၄) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀)ကျပ် နှင့်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၈,၃၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၄၄၈,၃၀၀) ကျပ်တို့ကို (၂-၇-၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe … Read more

  • ရေဘေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀) ရက်နေ့ ညနေ ပိုင်းတွင် ကသာမြို့၏ ဧရာဝတီမြစ်ရေသည် (၉၀၆) စင်တီမီတာသို့ ရောက်ရှိနေပါသဖြင့် ကမ်းနား တလျှောက်​​နေပြည်သူများအား ရေဘေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်များ လှည့်လည် အသိပေးခြင်း၊ ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jul2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊‌ ပေါင်းဝကျေးရွာ၊ တောင်အင်းတော၌ (၁-၇-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်ကို (၃-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_jul2020 Source:           ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့၊ (၈:၀၀) နာရီမှ (၁၀:၀၀) နာရီအချိန်ထိ မင်းဘူးမြို့၊ ယာယီဈေးတွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီ တွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ကို မြို့မဈေးစည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_Jul2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)