ရေဘေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀) ရက်နေ့ ညနေ ပိုင်းတွင် ကသာမြို့၏ ဧရာဝတီမြစ်ရေသည် (၉၀၆) စင်တီမီတာသို့ ရောက်ရှိနေပါသဖြင့် ကမ်းနား တလျှောက်​​နေပြည်သူများအား ရေဘေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်များ လှည့်လည် အသိပေးခြင်း၊ ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#sgg_jul2020

Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events