လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ပေါင်းဝကျေးရွာ၊ တောင်အင်းတော၌ (၁-၇-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်ကို (၃-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#sgg_jul2020
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)