မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာ၊ ကြာကန်ကျေးရွာ (အောင်ချမ်းသာကွက်သစ်ပိုင်း) နှင့် ဦးဝင်းကြည်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင်စု(၁၁၅) စု၊ လူဦးရေ (၅၁၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၅- ၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေ ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_Jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • နေရပ်ပြန်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင်  ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှက်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး၊ ဝိုင်းမော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူလိုက်ပါလျှက် မြစ်ကြီးနားမြို့၊ စီတာပူဆွတ်ငိုင်တောင်စခန်းမှ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာသို့ပြောင်းရွှေ့နေထိုင်သော နေရပ်ပြန်အိမ်ထောင်စု(၁၀)စုအား စားနပ်ရိက္ခာ(၃)လစာ၊ ဆန်(၅၇အိတ်၊၄ပြည်၊၄ဘူး)၊ ဆီ(၆၀)ပိဿာ၊ ပဲ(၆၀)ပိဿာ၊ ဆား(၃၀)ပိဿာ၊ တန်ဖိုး(၂,၁၂၂,၁၂၅ိ/-)၊ ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင်(၁၀၀၀၀၀°/-)နှုန်းနှင့် (၁၀)အိမ်ထောင်စုစာ(၁,၀၀၀,၀၀၀°/-) ၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအားပေးအပ်ခဲ့ပြီး၊ အဆိုပါနေရပ်ပြန်ပြည်သူများအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)သည် နီပွန်ဖောင်ဒေရှင်းမှ လှူဒါန်းသော အလှူငွေများထဲမှ အိမ်တစ်လုံးလျှင်(၅၅)သိန်းနှုန်းဖြင့် (၁၀)လုံးအားလည်းကောင်း၊ ရေဘုံဘိုင်တွင်း(၁)တွင်းလျှင်(၅)သိန်းနှုန်းဖြင့်စုစုပေါင်း(၁၀)တွင်းအားလည်းကောင်း၊ ရေချိုးခန်းနှင့် အိမ်သာ(၁)လုံးလျှင်(၉)သိန်းနှုန်းဖြင့်(၁၀)လုံးအားလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ (၁၁၅,၀၀၀°/-)တန်ဖိုးရှိ … Read more

  • Covid-19 ရောဂါနှင့် မိုးတွင်းကာလဖြစ်ပွားတတ်သော ဘေးအန္တရယ်များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်နေမှသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၅-၇-၂၀၂၀) ရက်နေ့တွင် အောက်ရွာကြီးကျေးရွာအုပ်စုရှိ သိုက်တူးကွင်းကျေးရွာ၊ ရှမ်း‌တောကျေးရွာ၊ မဲဇလီစုကျေးရွာ၊ အောက်ရွာကြီး‌ကျေးရွာ၊ ဒယ်ပုတ်ကွင်းကျေးရွာအုပ်စုရှိ အ‌ရှေ့စုကျေးရွာ၊‌ ထန်းပင်ကုန်းတာကြီးတန်းကျေးရွာ၊ ရေဝါကျေးရွာ၊‌ရေဝါကုန်းကျေးရွာများ၊ ဆုံကုန်းကျေးရွာအုပ်စုရှိ တာနားကျေးရွာ၊ အလယ်ကွင်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွားတတ်သော ဘေးအန္တရယ်များနှင်ပတ်သက်၍ ဆောင်ရန်‌ရှောင်ရန်များကို ပြည်သူများ အလွယ်တကူသိရှိလိုက်နာ နိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   … Read more

  • (Covid-19) ရောဂါ၊ မိုးကြိုး၊ ရေဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၂၀) ရက်နေ့တွင် ချောက်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့် စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေး အသိပညာပေးခြင်းအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။     #ar #mgy_jul2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရှောက်ခါး(တ)ရွာ၊ ရှောက်ခါး(မ)ရွာ၊ ရန်ကင်းရပ်ကွက်၊ ထန်းတောရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_jul2020

  • မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ကျေးရွာအုပ်စု၊ ရွှေသမင်ကျေးရွာ (၄-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၁၆,၈၀၀) ကျပ်အား (၄-၇-၂၀၂၀) ရက်နေ့တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg_jul2020