နေရပ်ပြန်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင်  ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှက်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး၊ ဝိုင်းမော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူလိုက်ပါလျှက် မြစ်ကြီးနားမြို့၊ စီတာပူဆွတ်ငိုင်တောင်စခန်းမှ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာသို့ပြောင်းရွှေ့နေထိုင်သော နေရပ်ပြန်အိမ်ထောင်စု(၁၀)စုအား စားနပ်ရိက္ခာ(၃)လစာ၊ ဆန်(၅၇အိတ်၊၄ပြည်၊၄ဘူး)၊ ဆီ(၆၀)ပိဿာ၊ ပဲ(၆၀)ပိဿာ၊ ဆား(၃၀)ပိဿာ၊ တန်ဖိုး(၂,၁၂၂,၁၂၅ိ/-)၊ ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင်(၁၀၀၀၀၀°/-)နှုန်းနှင့် (၁၀)အိမ်ထောင်စုစာ(၁,၀၀၀,၀၀၀°/-) ၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအားပေးအပ်ခဲ့ပြီး၊ အဆိုပါနေရပ်ပြန်ပြည်သူများအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)သည် နီပွန်ဖောင်ဒေရှင်းမှ လှူဒါန်းသော အလှူငွေများထဲမှ အိမ်တစ်လုံးလျှင်(၅၅)သိန်းနှုန်းဖြင့် (၁၀)လုံးအားလည်းကောင်း၊ ရေဘုံဘိုင်တွင်း(၁)တွင်းလျှင်(၅)သိန်းနှုန်းဖြင့်စုစုပေါင်း(၁၀)တွင်းအားလည်းကောင်း၊ ရေချိုးခန်းနှင့် အိမ်သာ(၁)လုံးလျှင်(၉)သိန်းနှုန်းဖြင့်(၁၀)လုံးအားလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ (၁၁၅,၀၀၀°/-)တန်ဖိုးရှိ Family Kit Set (၁)ပုံးစီနှင့် (၃၅,၀၀၀°/-)တန်ဖိုးရှိ Hygiene Kit Set (၁)ပုံးစီအားလည်းကောင်း၊ UNDP အဖွဲ့အစည်းမှ (၆၀,၀၀၀°/-)တန်ဖိုးရှိ Tissue လိပ်များအားလည်းကောင်း၊ မြစ်ကြီးနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Covid -19 ထိန်းချုပ်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သော Surgicar Mask နှင့် လက်သန့်ဆေးဘူးများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_otr

#kcn_jun2020

Source:             ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events