Latest News
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၇-၇-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ(၁၁:၃၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့အတွင်းရှိ ၊ ရပ်ကွက်(၁၊၂၊၃)နှင့် အောင်လှိုင်ကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို အများပြည်သူများသိရှိလိုက်နာရန် Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(COVID-19) ကူးစက်ရောဂါ၊ မိုးကြိုး၊ ရေနှင့် မုန်တိုင်းဘေးတို့နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀)ရက်နေ့ နံနက်(၁၁:၀၀) နာရီ အချိန်မှစ၍ နေ့လည် (၁၂:၃၀)နာရီအထိ ဝါးခယ်မြို့နယ်၊ ရွှေလောင်းရွာမရှိ ချောင်းဝရပ်ကွက်(၁)၊ ချောင်းဝရပ်ကွက်(၂)၊ ကမ်းနားတမ်းရပ်ကွက်တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွား လျက်ရှိသော (COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝဘေး (မိုးကြိုး၊ ရေနှင့် မုန်တိုင်း)နှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ရပ်ကွက်နေပြည်သူလူထုအား အသိပညာပေး လှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_jul2020 … Read more
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက် နေ့ ၊ မုံရွာမြို့နယ်၊ ကူတောပုလ္လင်ကျေးရွာ၊ တောင်ပုံကျေးရွာ ၊ မင်းရွာကျေးရွာများတွင် COVID-19 ရောဂါကူးစက်မှုမပြန့်ပွားရေးအတွက် ဆောင်ရန်/ရှောင်ရန်များ၊ အသိပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက်နေ့၊ (ဝ၇:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊ စည်ပင်သာယာရပ်ကွက်တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနိုးဆော်ခြင်းများကို Hand Speaker အသုံးပြု ၍ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jul2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ တောကျောင်းကြီး ကျေးရွာ၌ (၃-၇-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စုစာတို့ကို ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၇-၇-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၂၀) ရက်နေ့တွင် ပြည်မြို့နယ်၊ ဖိုးခေါင်ကျေးရွာ၊ မြရွာကျေးရွာ၊ ထန်းပေါက်ကျေးရွာ၊ ဇီးအုပ်ကျေးရွာနှင့် ရွှေတံခါးရပ်ကွက်တို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန် ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









