Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀) ရက်နေ့ တွင်  ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီ​ရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ ကူညီ​ရေးအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် ပါလျှံရပ်ကွက် ၊ ပါလျှံစျေး၌ လည်း ကောင်း၊ လူစည်ကားသော ပါလျှံမီးပွိုင့်အနီးဝန်းကျင်၌လည်းကောင်း၊ ဆန်ဆိုင်း (မေခဖလားဝါး) Morning Star စားသောက်ဆိုင်နှင့် အနီးပတ်ဝန်းကျင်၌လည်းကောင်း ပြည်သူလူထုထံသို့ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း (Campaign) များ ဆောင်ရွက်ခြင်း၊ Maskများ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေ​ခြင်း၊ ပိုစတာများ ကပ်ခြင်း/ ဖြန့်ဝေခြင်း၊ ဗွီနှိုင်းများကပ်ခြင်း/ စိုက်ထူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်း၊ အများပြည်သူလက်ဆေးရန် ထားရှိသည့် လက်ဆေးဘေစင်တို့၌ လက်ဆေးဆပ်ပြာများထားရှိခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#shn_jul2020

Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events