Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးတွင်းကာလဖြစ်ပွားသော သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်ပူးပေါင်း၍ (၉-၇-၂၀၂၀) ရက်နေ့တွင် ဝက်လဟာကျေးရွာအုပ်စုရှိ ဝက်လဟာကျေးရွာ၊ နှောကုန်း ကျေးရွာ၊ ငါးသိုင်းအင်းကုန်းကျေးရွာ၊ ကညင်တပင်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ တာချောင်းကျေးရွာ၊ ‌ဂျမ်းပြင်(အရှေ့)ကျေးရွာ၊ ဂျမ်းပြင်အနောက်ကျေးရွာ၊ တကယ်သူကျေးရွာ၊ နောက်မီးကျေးရွာအုပ်စုရှိ တကယ်သူလေးကျေးရွာ၊ ရေကျော်ကျေးရွာ၊ ကမ်းနားတန်းကျေးရွာ၊ ကြို့ကုန်းလေးကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွားသော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ပြည်သူများ အလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ar
#ayy_Jul2020

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events