မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊  ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ ကျား(၁ဝ)ဦး၊ မ(၁ဝ)ဦး၊ စုစုပေါင်း(၂ဝ)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင်(၁ဝဝ,ဝဝဝ/-)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄ဝဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၂ဝ)ဦးအတွက် ဆန်ရိက္ခာ (၁) ပတ်စာဖိုးထောက်ပံ့ငွေ (၄၂,ဝဝဝ/-)ကျပ်၊ စုစုပေါင်းထောင်ပံ့ငွေ(၄၄၂,ဝဝဝ/-)ကျပ်၊ ဓါတ်ဆား (၄ဝ)ထုပ်နှင့် First Aid Kid (၄)အိတ်တို့အား (၁ဝ-၇-၂ဝ၂ဝ)ရက်နေ့ (၁၆:ဝဝ)အချိန်တွင် ပခုက္ကူခရိုင် ဦးစီးမှူးရုံး တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more

  • COVID-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေးစသည့် သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ နေ့လည် (၁၄:၀၀) နာရီအထိ အိမ်မဲမြို့နယ်အတွင်းရှိ ရေသိုးကျေးရွာ၊ အရှေ့စုကျေးရွာ၊ မြန်မာစုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ မန်းကျည်းကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ တောင်စုကျေးရွာ၊ ကုန်းစုလေးကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ​မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်၊ အေးချမ်းသာယာလမ်း၌ မီးဘေးဖြစ်ပွား ခဲ့သောကြောင့် မီးဘေးသင့်တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁,၅၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂,၀၀၀) ကျပ်အား (၁၀-၇-၂၀၂၀) ရက်နေ့  (၁၅:၃၀)ချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jul2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEFနှင့်ပူးပေါင်း၍ Covid_19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် ကျောက်မဲမြို့ရှိ ရွှေဟင်္သာစားသောက်ဆိုင်၊ မော(ဝ်)စားသောက်ဆိုင်၊ ရွှေရည်ဖူးကဖေးနှင့် ငွေပင်လယ်စားသောက်ဆိုင်များ၌ ပြည်သူလူထုထံသို့ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း (Campaign)များ ပြုလုပ်ခြင်း၊ Mask များ၊ လက်ဆေးဆပ်ပြာများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ​ခြင်း၊ ဗွီနှိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများ ကိုအသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: … Read more

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEFနှင့်​ ပူးပေါင်း၍ Covid_19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် ကျောက်မဲမြို့ရှိ အမှတ်(၈)ရပ်ကွက်၊ အခွန်လွတ်ဈေးတွင် ပြည်သူလူထုထံသို့ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း (Campaign) များဆောင်ရွက်ပြီး Mask များ၊ လက်ဆေးဆပ်ပြာများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေ​ခြင်း၊ ဗွီနှိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)    

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၀-၇-၂၀၂၀) ရက်နေ့ တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် စျေး၊ ကျိုင်းတုံမြို့ရှိ စားသောက်ဆိုင်များ၌ ပြည်သူများသို့ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း (Campaign)ပြုလုပ်ခြင်း၊ Mask များ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနှိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့်ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)