COVID-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေးစသည့် သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ နေ့လည် (၁၄:၀၀) နာရီအထိ အိမ်မဲမြို့နယ်အတွင်းရှိ ရေသိုးကျေးရွာ၊ အရှေ့စုကျေးရွာ၊ မြန်မာစုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ မန်းကျည်းကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ တောင်စုကျေးရွာ၊ ကုန်းစုလေးကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_jul2020

Sign Up

Upcoming Events