ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊  ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ ကျား(၁ဝ)ဦး၊ မ(၁ဝ)ဦး၊ စုစုပေါင်း(၂ဝ)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင်(၁ဝဝ,ဝဝဝ/-)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄ဝဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၂ဝ)ဦးအတွက် ဆန်ရိက္ခာ (၁) ပတ်စာဖိုးထောက်ပံ့ငွေ (၄၂,ဝဝဝ/-)ကျပ်၊ စုစုပေါင်းထောင်ပံ့ငွေ(၄၄၂,ဝဝဝ/-)ကျပ်၊ ဓါတ်ဆား (၄ဝ)ထုပ်နှင့် First Aid Kid (၄)အိတ်တို့အား (၁ဝ-၇-၂ဝ၂ဝ)ရက်နေ့ (၁၆:ဝဝ)အချိန်တွင် ပခုက္ကူခရိုင် ဦးစီးမှူးရုံး တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_jul2020

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events