မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက် များနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကျားချောင်ကျေးရွာအုပ်စု၊ ကျားချောင်ကျေးရွာ၊ ကြာအင်းကျေးရွာ၊ ကျွန်းကုန်းကြီးကျေးရွာ၊ ပေကုန်းစုကျေးရွာ၊ ကွင်းလျှားစောင်းကျေးရွာ၊ကညင်ကွင်းကျေးရွာ၊ မှော်သေးကျေးရွာ၊ တာကုန်းကျေးရွာတို့တွင် (၁၀-၇-၂၀၂၀) ရက်နေ့၌ (၀၈:၀၀) နာရီမှ (၁၆:၀၀)နာရီအထိ လတ်တလောနိူင်ငံအသီးသီးတွင်ကူးစက်ပျံ့ပွားလျှက်ရှိသော Covid-19 ကူးစက်ရောဂါနှင့်သဘာဝဘေးနှင့်ပက်သက်သည့်ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သိရရှိရပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jul2020

  • School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ သည် (၁၁-၇-၂၀၂၀)ရက်နေ့တွင် ဖောင်းပြင်မြို့၊ အမှတ် (၈၇) မူလတန်း(လွန်) ကျောင်းဝင်း အတွင်း မြင့်ကမ္ဘာစိုးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သော School Cum Shelter (၁၀၀%)ပြီးစီးပြီဖြစ်ပါ၍ လွှဲပြောင်း/ လက်ခံများဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဖောင်းပြင်မြို့၊ မြို့နယ်ဦးစီးမှူးရုံးမြေနေရာ အားခြံဝန်းခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dev #sgg_jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကို ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါဝကျေးရွာ၊ ကျောင်းစုကျေးရွာ၊ကျောက်ရဲကျေးရွာ၊ ငါးအိမ်စုကျေးရွာရှိ ပြည်သူများသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗီနိူင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jul2020

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ ကညုံရပ်ကွက်နှင့် ရှမ္မလည်ဆွဲရပ်ကွက်တို့တွင် လော်စပီကာတို့ဖြင့် Covid-19‌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်‌/  ရှောင်ရန်အချက်များအား   ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့် မိုးတွင်းကာလဖြစ်ပွား‌သော ဘေးအန္တရယ်များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၇-၂၀၂၀) ရက်နေ့တွင် သက္ကပြင်(မဲ) ကျေးရွာအုပ်စုရှိ သက္ကယ်ပြင်(အရှေ့)ကျေးရွာ၊‌နွားခြံကုန်းကျေးရွာ၊ မိုး‌ခေါင်ကွင်းကျေးရွာ၊‌ ရွာသစ်ကုန်းကျေးရွာ၊‌ ရွှေတောင်တန်းကျေးရွာ၊ ပျဥ်‌ထောင်ကွင်းကျေးရွာ၊ သင်ဇာလီကျေးရွာ၊‌သက္ကယ်ပြင်အနောက်ကျေးရွာ၊ ကျွန်း‌တောကုန်းကျေးရွာများ၊ အင်ပင်ကုန်းကျေးရွာအုပ်စုရှိ ကွမ်းခြံကုန်းကျေးရွာ၊ အုန်း‌တောစုကျေးရွာ၊ ဝက်သတ်ကုန်းကျေးရွာ၊ ကံဒုတ်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ ဒိုးကုန်းကျေးရွာ၊ ငါးဖယ်တူ(တောင်)ကျေးရွာ၊ ငါးဖယ်တူ(အလယ်)ကျေးရွာ၊ ငါးဖယ်တူ(မြောက်)ကျေးရွာ၊ ကမ်းနားတန်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာ‌သောဘေးအန္တရယ်များနှင် ပတ်သက်၍‌ေဆာင်ရန်‌/ရှောင်ရန်များကို … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့တွင် ကဝမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ခမေလေးရပ်ကွက်၊ ခမေကြီးကျေးရွာ၊ သပြေကန်ကျေးရွာ၊ မကြက်ကြီးကျေးရွာ၊ အင်းဝကျေးရွာနှင့် သခွပ်ကန်ကျေးရွာတို့တွင် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_jul2020