COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကို ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါဝကျေးရွာ၊ ကျောင်းစုကျေးရွာ၊ကျောက်ရဲကျေးရွာ၊ ငါးအိမ်စုကျေးရွာရှိ ပြည်သူများသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗီနိူင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_jul2020

Sign Up

Upcoming Events