Covid-19 ရောဂါနှင့် မိုးတွင်းကာလဖြစ်ပွား‌သော ဘေးအန္တရယ်များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၇-၂၀၂၀) ရက်နေ့တွင် သက္ကပြင်(မဲ) ကျေးရွာအုပ်စုရှိ သက္ကယ်ပြင်(အရှေ့)ကျေးရွာ၊‌နွားခြံကုန်းကျေးရွာ၊ မိုး‌ခေါင်ကွင်းကျေးရွာ၊‌ ရွာသစ်ကုန်းကျေးရွာ၊‌ ရွှေတောင်တန်းကျေးရွာ၊ ပျဥ်‌ထောင်ကွင်းကျေးရွာ၊ သင်ဇာလီကျေးရွာ၊‌သက္ကယ်ပြင်အနောက်ကျေးရွာ၊ ကျွန်း‌တောကုန်းကျေးရွာများ၊ အင်ပင်ကုန်းကျေးရွာအုပ်စုရှိ ကွမ်းခြံကုန်းကျေးရွာ၊ အုန်း‌တောစုကျေးရွာ၊ ဝက်သတ်ကုန်းကျေးရွာ၊ ကံဒုတ်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ ဒိုးကုန်းကျေးရွာ၊ ငါးဖယ်တူ(တောင်)ကျေးရွာ၊ ငါးဖယ်တူ(အလယ်)ကျေးရွာ၊ ငါးဖယ်တူ(မြောက်)ကျေးရွာ၊ ကမ်းနားတန်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာ‌သောဘေးအန္တရယ်များနှင် ပတ်သက်၍‌ေဆာင်ရန်‌/ရှောင်ရန်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာ နိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_jul2020

Sign Up

Upcoming Events