မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာတွင် အိမ်ခြေ (၂၃၀) လုံး၊ အိမ်ထောင်စု (၂၃၀) စု၊ လူဦးရေ (၁၀၅၆) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၃-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_drg #mgy_jul2020 Source: ​ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့ နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ လမ်းကူးကျေးရွာတွင် (၁၂-၇-၂၀၂၀)ရက်နေ့နှင့် (၁၃-၇-၂၀၂၀) ရက်နေ့များတွင် ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွေ့အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၁,၀၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၆၀,၉၀၀/-)ကျပ်တို့ကို  (၁၃-၇-၂၀၂၀)ရက်နေ့၊(၁၃:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_rbe #mgy_jul2020 Source: … Read more

  • ကမ်းပြို​ဘေးသင့်ပြည်သူများအတွက် ​ထောက်ပံ့မှုသတင်း

    ​​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ နန်း​တော်ကျွန်း​ကျေးရွာအုပ်စု၊ ထူးကျေးရွာတွင် (၁၀-၇-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ဧရာဝတီမြစ်​ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြို​ဘေးသင့် အိမ်​ခြေ(၉)လုံး၊ အိမ်​ထောင်စု(၉)စုတို့ အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၉၀၀,၀၀၀/-)၊ လူဦး​ရေ(၄၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၉၄,၅၀၀/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၉၉၄,၅၀၀/-)ကျပ်အား (၁၃-၇-၂၀၂၀)ရက်​နေ့၊ (၁၄:၃၀)အချိန်တွင် ​အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ​ဘေးသင့်ပြည်သူများ လက်ဝယ်အ​ရောက် ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2020 Source:  မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါ (ဒုတိယအကြိမ်)ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်မှစ၍ နေ့လယ် (၁၃:၀၀)နာရီအထိ မြောင်းမြ မြို့နယ်အတွင်းရှိ ဂွေးပင်ဆိပ်ကျေးရွာ၊ သုံးခွကျေးရွာ၊ လပွတ်ကုလားကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည် ဟောပြောမှုများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020  Source:  မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ၊ ကတုံးပေါ်ကျေးရွာနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွား လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source:  မုဒုံမြို့နယ်ဦးစီးမှူးရုံး … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ မဲဇလီကျွေးရွာအုပ်စု၊ မဲဇလီကျေးရွာတွင် (၁၀-၇-၂၀၂၀) ရက်နေ့ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု(၃)စု၊ လူဦးရေ (၇)ဦးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၁၄၇၀၀/-) ကျပ်အား (၁၃-၇-၂၀၂၀) ရက်နေ့ (၁၂:၅၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2020 … Read more