ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ မဲဇလီကျွေးရွာအုပ်စု၊ မဲဇလီကျေးရွာတွင် (၁၀-၇-၂၀၂၀) ရက်နေ့ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု(၃)စု၊ လူဦးရေ (၇)ဦးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၁၄၇၀၀/-) ကျပ်အား (၁၃-၇-၂၀၂၀) ရက်နေ့ (၁၂:၅၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_jul2020

Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events