မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့ နယ်၊ တောရွာကျေးရွာအုပ်စု၊ တောရွာကျေးရွာနေ အိမ်ထောင်စု (၂၁၀) စုမှ လူဦးရေ (၉၃၈) ဦးတို့အတွက် သောက်သုံးရေ (၁,၆၀၀) ဂါလံကို (၁၁-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mdy_jul2020     Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ချင်းပြည်နယ်၊ တီးတိန်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် COVID 19 လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များညှိနှိုင်း

    ဇူလိုင်လ ၁၄ ရက်၊ တီးတိန်မြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တီးတိန်မြို့တွင် လူမှုကာကွယ် စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် COVID-19 လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ယနေ့ညနေပိုင်း က ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးရာတွင် တီးတိန်မြို့နယ်အတွင်း ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသော လူမှုရေးပင်စင်၊ မသန်စွမ်းထောက်ပံ့ မှုများ၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးတွင် အစိုးရ၊ ကိုယ်ထူကိုယ်ထနှင့်  ပုဂ္ဂလိကမူကြိုများ ဖွင့်လှစ်ဆောင်ရွက်ရာ … Read more

  • ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

    ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက် ကချင်ပြည်နယ်၌ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုကြောင့် ရပ်ကွက်/ကျေးရွာများအတွင်း ရေများဝင်ရောက်ခဲ့ရာ  (၁၄-၇-၂၀၂၀)နေ့အထိ မြစ်ကြီးနား၊ ရွှေကူ၊ ဝိုင်းမော်၊ ဆင်ဘိုနှင့် ဗန်းမော်မြို့ များတွင် စုစုပေါင်း ယာယီရေဘေးရှောင်စခန်း (၂၈)ခုသို့ အိမ်ထောင်စု (၆၃၀)စု၊ လူဦးရေ(၂၈၄၇)ဦးတို့ ခေတ္တပြောင်းရွှေ့ခဲ့ရပါသည်။ ၎င်းတို့အနက်မှ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ‌ရေများပြန်လည်ကျဆင်းပြီ ဖြစ်သဖြင့် ယာယီရေဘေးရှောင်စခန်း (၁၀)ခုမှ အိမ်ထောင်စု (၁၄၂)စု၊ လူဦးရေ(၆၀၁)ဦးတို့မှာ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားပြီဖြစ်ပါသည်။ အလားတူ … Read more

  • COVID-19 ကူးစက်မြန်ရောဂါ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၄-၇-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာ၊ ဟိုဖကျေးရွာနှင့် လမ်းဆုံကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jul2020

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ UNDP ၊ UNICEF ၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီ​ရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာကူညီ​ရေးအဖွဲ့များနှင့်ပူးပေါင်း၍ (၁၄-၇-၂၀၂၀)ရက်နေ့တွင် တာချီလိတ်​​မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဟောင်လိတ်ရပ်ကွက်၊ အခြေခံပညာကျောင်းရှိ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသော ဆရာ/ဆရာမ၊ မိဘ၊ ကျောင်းသား/ကျောင်းသူများကို COVID-19 ကူးစက်ရောဂါ နှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်း(Campaign) များဆောင်ရွက်ခြင်း၊  Mask များ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေ​ခြင်း၊ ပိုစတာများကပ်ခြင်း/ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ လုံးခင်းလယ်​ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရားကျောင်း၊ လုံးခင်းရပ်ကွက်(၅)၊ ကက်သလစ်ဘုရား ကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီဘုရားကျောင်း၊ IDPs စခန်း(၆)ခုမှ အိမ်ထောင်စု(၃၈၉)စု၊ လူဦးရေ(၂၀၅၅)ဦးအတွက် ဆပ်​ပြာ(၂၀၄၉)ခဲနှင့် ထုံး(၆၀) အိတ်တို့အား သွား​ရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_jul2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)