ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက်

ကချင်ပြည်နယ်၌ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုကြောင့် ရပ်ကွက်/ကျေးရွာများအတွင်း ရေများဝင်ရောက်ခဲ့ရာ  (၁၄-၇-၂၀၂၀)နေ့အထိ မြစ်ကြီးနား၊ ရွှေကူ၊ ဝိုင်းမော်၊ ဆင်ဘိုနှင့် ဗန်းမော်မြို့ များတွင် စုစုပေါင်း ယာယီရေဘေးရှောင်စခန်း (၂၈)ခုသို့ အိမ်ထောင်စု (၆၃၀)စု၊ လူဦးရေ(၂၈၄၇)ဦးတို့ ခေတ္တပြောင်းရွှေ့ခဲ့ရပါသည်။ ၎င်းတို့အနက်မှ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ‌ရေများပြန်လည်ကျဆင်းပြီ ဖြစ်သဖြင့် ယာယီရေဘေးရှောင်စခန်း (၁၀)ခုမှ အိမ်ထောင်စု (၁၄၂)စု၊ လူဦးရေ(၆၀၁)ဦးတို့မှာ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားပြီဖြစ်ပါသည်။

အလားတူ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌လည်း ရေကြီးရေလျှံမှုများကြောင့်  ယာယီရေဘေးရှောင်စခန်း (၃)ခု နှင့် နီးစပ်ရာဆွေမျိုးနေအိမ်တို့တွင် အိမ်ထောင်စု (၈၉)စု၊ လူဦးရေ (၄၅၃)ဦး ခေတ္တပြောင်းရွှေ့ခဲ့ရပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး များအနေဖြင့် ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးများ၊ အဝတ် Mask နှင့်  ဆပ်ပြာတို့အား ထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

#ha_fld

#kcn_sg_jul2020

Source:   MOSWRR

 

Sign Up

Upcoming Events