COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ UNDP ၊ UNICEF ၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီ​ရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာကူညီ​ရေးအဖွဲ့များနှင့်ပူးပေါင်း၍ (၁၄-၇-၂၀၂၀)ရက်နေ့တွင် တာချီလိတ်​​မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဟောင်လိတ်ရပ်ကွက်၊ အခြေခံပညာကျောင်းရှိ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသော ဆရာ/ဆရာမ၊ မိဘ၊ ကျောင်းသား/ကျောင်းသူများကို COVID-19 ကူးစက်ရောဂါ နှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်း(Campaign) များဆောင်ရွက်ခြင်း၊  Mask များ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေ​ခြင်း၊ ပိုစတာများကပ်ခြင်း/ ဖြန့်ဝေခြင်း၊ ဗီနိုင်းများကပ်ခြင်း/စိုက်ထူခြင်း၊ ကျောင်းဝန်းအတွင်းရှိ လက်ဆေးဘေစင်များတွင် လက်ဆေးဆပ်ပြာများ ထားရှိ​ပေးခြင်း၊ ကာကွယ်ရေးနည်းလမ်းဆိုင်ရာအသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် နှိုးဆော်ဆောင်ရွက်ခဲ့ပြီးနောက် တာလော့ရပ်၊ ဗယ်လင်တိုင်းစားသောက်ဆိုင်၌ COVID-19 ကူးစက်ရောဂါ နှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း (Campaign) များကို ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jul2020

Source:           တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events