မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်၌ ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး(၂၁၀၀ဝ/-)၊ စုစုပေါင်းကျပ် (၂၂၁၀၀ဝ/-) ကျပ်အား (၁၅-၇-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၃၀)နာရီအချိန်အထိ မြောင်းမြခရိုင်၊ ​​မြောင်းမြမြို့နယ်အတွင်းရှိ ကုန်းထိပ်ပြောင်ကျေးရွာ၊ တောင်ကမ္ဘားကျေးရွာ၊ တော်လှကျေးရွာ၊ ကွမ်းသီးချောင်းကျေးရွာ၊ တောင်ဇလဲကျေးရွာတို့၌ COVID-19  ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးခဲ့သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source:           မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့၊ (၀၇:၃၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်ရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ လေပြင်းဘေးတို့နှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရန် Handspeaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပြိီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jul2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၂)ရပ်ကွက်၊ အပိုင်း(၃)တွင် (၁၃-၇-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀)ကျပ်၊ (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၈,၉၀ဝ) ကျပ်အား (၁၄-၇-၂၀၂၀) ရက်နေ့ (၁၄:၀၀) အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy _jul … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူ ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့နယ်၊ အောင်လှိုင်ကျေးရွာအုပ်စုအတွင်းရှိ အောင်လှိုင်ကျေးရွာ၊ ညောင်ရွာကျေးရွာနှင့် ညောင်ရွာဖျားကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား Loud Speaker၊ Hand Speaker များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများပြုလုပ်ခြင်း၊ မိုးကြိုးဘေး/ မုန်တိုင်းဘေး … Read more

  • COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ၊ တော်ကူးကျေးရွာနှင့် တံခွန်တိုင်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွား စေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။