မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေမြင့်တက်လာမှု အခြေအနေများနှင့်စပ်လျဉ်း၍ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြပါရန် အသိပေးပန်ကြားခြင်း

    နေပြည်တော်၊ဇူလိုင်၁၅ ဇူလိုင်လ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်နေ့များအတွင်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုနှင့် နေရာကွက်၍ မိုးကြီးမှုများကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပါသည်။ မြစ်ရေ မြင့်တက်ခြင်းကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဆင်ဘိုမြို့နှင့် ရွှေကူမြို့များရှိ ရပ်ကွက်အချို့မှ အိမ်ထောင်စု (၁၅၅) စု၊ လူဦးရေ (၆၇၁) ဦးတို့ကို ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ ပေးခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် COVID-19 ကာကွယ်ရေးအတွက် … Read more

  • ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြည်သူသို့အသိပေးနှိုးဆော်ခြင်း

    ဇူလိုင် ၁၅၊ နေပြည်တော် မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန်များပြားစွာ ရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများ ကိုလည်း ကြုံတွေ့ရနိုင်ပါသည်။ သို့ဖြစ်ရာ ယခုကာလ၌ ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း အထူးသတိပြုရန်လိုအပ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို သတိပြုလိုက်နာဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်- မိုးလေဝသသတင်းများနှင့် ထူးခြားမြစ်ရေအခြေအနေထုတ်ပြန်ချက်များကို သတိပြု နားထောင်ပါ။ မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။ ရေစိုပျက်စီးနိုင်သောပစ္စည်းများကို … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ချင်းပြည်နယ်အတွင်း COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိ သော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ်မှုသတင်း

    ဇူလိုင်၊ ၁၅၊ တီးတိန်         ချင်းပြည်နယ်၊ တီးတိန်မြို့တွင်ရောက်ရှိနေသော ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်အတွင်း COVID-19 လုပ်ငန်းစဉ်များ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် ရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ‌ဆောင်ရွက်ခဲ့ပါသည်။         အဆိုပါ ပေးအပ်ပွဲသို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။                ပြည်ထောင်စုဝန်ကြီးသည် တီးတိန်မြို့ အစိုးရစက်မှု … Read more

  • Covid-19 ကူးစက်ရာဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ ​စေတနာပရဟိတအသင်းမှ Volunteer များ၊ ​​အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ စွမ်​စော်ရပ်ကွက်မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ Covid-19 ​ရောဂါ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွား​စေရန် Corona Virus Covid-19 ​ရောဂါကြိုတင်ကာကွယ်​ရေးအသိပညာ​ပေး Campaign အစီအစဥ်အား မူဆယ်မြို့နယ်၊ ​​​​​စွမ်​စော်ရပ်ကွက်ရှိ ​မောခမ်းစား​သောက်ဆိုင်နှင့်အနီးပတ်ဝန်းကျင်တွင် ပြည်သူများသို့အသိပညာပေးခြင်း၊ Mask ၊ ဆပ်ပြာ၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ အသံချဲ့စက်ဖြင့်နှိုး​ဆော်ခြင်းနှင့် ဗွီနိုင်း၊ ပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့တွင် ရန်ကုန်​အရှေ့ပိုင်းခရိုင်၊​ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ အမှတ် (၁) အနော်မာ၊ အမှတ် (၁) ထူပါရုံ၊ အမှတ် (၂) တောင်/မြောက် နှင့် အမှတ် (၃) ရန်ပြေရပ်ကွက်တို့၌ COVID-19  ကူးစက်ရောဂါနှင့်စပ်လျဉ်း၍  အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ မိုးကြိုးဘေးနှင့် စပ်လျဉ်း၍ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_jul2020 Source:           ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာ၌ (၁၅-၇-၂၀၂၀) ရက်နေ့ (၀၅:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် လုံးဝပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး (၁၇) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀/-) ကျပ်အား (၁၅-၇-၂၀၂၀) ရက်နေ့ … Read more