ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ချင်းပြည်နယ်အတွင်း COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိ သော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ်မှုသတင်း

ဇူလိုင်၊ ၁၅၊ တီးတိန်

        ချင်းပြည်နယ်၊ တီးတိန်မြို့တွင်ရောက်ရှိနေသော ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်အတွင်း COVID-19 လုပ်ငန်းစဉ်များ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် ရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ပေးအပ်ပွဲသို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။       

        ပြည်ထောင်စုဝန်ကြီးသည် တီးတိန်မြို့ အစိုးရစက်မှု အထက်တန်းကျောင်းတွင် Quarantine Center အဖြစ် ဖွင့်လှစ် ထားသောနေရာ၌ ချင်းပြည်နယ် အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြုဂုဏ်လွှာများကို ပြည်နယ်လူမှုရေးဝန်ကြီးထံသို့ ပေးအပ်ခြင်း၊ ရင်ထိုးတံဆိပ်များ၊ လက်သန့်ဆေးရည်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများကို စေတနာ့ ဝန်ထမ်း ကိုယ်စားလှယ်တစ်ဦးနှင့် ပရဟိတအဖွဲ့ ကိုယ်စားလှယ်တစ်ဦးထံသို့ ပေးအပ်ခြင်းနှင့် ချင်းပြည်နယ် Quarantine Center များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် () ဦး၊ အသက်()နှစ်အောက် ကလေးငယ် ()ဦး၊ အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွား ()ဦးနှင့် မသန်စွမ်းသူ ()ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရန်ပုံငွေဖြင့် တစ်ဦး လျှင် ငွေကျပ် ()သောင်း နှုန်းဖြင့် စုစုပေါင်းငွေကျပ် () သိန်းကို စခန်းတာဝန်ခံ တစ်ဦးထံပေးအပ်ခဲ့ပါသည်။ ထို့နောက် တီးတိန် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ပိုးတွေ့လူနာ ကလေးငယ်အတွက် ကစားစရာ၊ အားဆေးနှင့် မုန့်များကို တီးတိန်ပြည်သူ့ဆေးရုံရှိ တာဝန်ခံဆရာဝန်ထံမှတဆင့် ပေးအပ်ခဲ့ပါသည်။

        ယနေ့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၃၂၃)ဦး၊ ပရဟိအဖွဲ့ (၂၇) ဖွဲ့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ လက်ဝယ်အရောက်ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။

        ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန် မူလတန်း ကြိုကျောင်းသို့ သွားရောက်ပြီး မူကြိုကျောင်းများ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်နိုင်သည့်အခါတွင် COVID-19 ဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးခဲ့ပါသည်။

        ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့၌ ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦဆောက်လုပ်ရန် လျာထား မြေနေရာကို သွားရောက် ကြည့်ရှုကြပြီး တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ယနေ့ ချင်းပြည်နယ်အတွင်း ဂုဏ်ပြုလွှာများနှင့် ထောက်ပံ့ငွေ များပေးအပ်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_ar

#chn_jul2020

Source:  MOSWRR

Sign Up

Upcoming Events