Latest News
-
Covid-19 ကူးစက်ရာဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၅-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ စေတနာပရဟိတ အသင်းမှ Volunteer များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် Corona Virus Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး Campaign အစီအစဥ်အား မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်ရှိ အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံရေးကာလ၌ မိဘ၊ ဆရာများ၊ ကျောင်းသူ/သားများသို့ အသိပညာပေးခြင်း၊ Mask ၊ ဆပ်ပြာ၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေကူမြို့နယ်၊ တောပုန်း ကျေးရွာနှင့် ကျောက်ကြီး ကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာ များတို့တွင် (၁၁-၇-၂၀၂၀) ရက်နေ့မှ (၁၅-၇-၂၀၂၀) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်း များဖြစ်ကြသော ရွှေကူမြို့၊ မြဝတီ ဘုန်းတော်ကြီးကျောင်း၊ သူဌေးတောရဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီး ကျောင်း၊ ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးနေအိမ်နှင့် … Read more
-
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေမြင့်တက်လာမှု အခြေအနေများနှင့်စပ်လျဉ်း၍ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြပါရန် အသိပေးပန်ကြားခြင်း
နေပြည်တော်၊ဇူလိုင်၁၅ ဇူလိုင်လ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်နေ့များအတွင်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုနှင့် နေရာကွက်၍ မိုးကြီးမှုများကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပါသည်။ မြစ်ရေ မြင့်တက်ခြင်းကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဆင်ဘိုမြို့နှင့် ရွှေကူမြို့များရှိ ရပ်ကွက်အချို့မှ အိမ်ထောင်စု (၁၅၅) စု၊ လူဦးရေ (၆၇၁) ဦးတို့ကို ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ ပေးခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် COVID-19 ကာကွယ်ရေးအတွက် … Read more
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြည်သူသို့အသိပေးနှိုးဆော်ခြင်း
ဇူလိုင် ၁၅၊ နေပြည်တော် မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန်များပြားစွာ ရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများ ကိုလည်း ကြုံတွေ့ရနိုင်ပါသည်။ သို့ဖြစ်ရာ ယခုကာလ၌ ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း အထူးသတိပြုရန်လိုအပ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို သတိပြုလိုက်နာဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်- မိုးလေဝသသတင်းများနှင့် ထူးခြားမြစ်ရေအခြေအနေထုတ်ပြန်ချက်များကို သတိပြု နားထောင်ပါ။ မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။ ရေစိုပျက်စီးနိုင်သောပစ္စည်းများကို … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ချင်းပြည်နယ်အတွင်း COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိ သော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ်မှုသတင်း
ဇူလိုင်၊ ၁၅၊ တီးတိန် ချင်းပြည်နယ်၊ တီးတိန်မြို့တွင်ရောက်ရှိနေသော ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်အတွင်း COVID-19 လုပ်ငန်းစဉ်များ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် ရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပေးအပ်ပွဲသို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် တီးတိန်မြို့ အစိုးရစက်မှု … Read more
-
Covid-19 ကူးစက်ရာဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ စေတနာပရဟိတအသင်းမှ Volunteer များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စွမ်စော်ရပ်ကွက်မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ Covid-19 ရောဂါ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် Corona Virus Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး Campaign အစီအစဥ်အား မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်ရှိ မောခမ်းစားသောက်ဆိုင်နှင့်အနီးပတ်ဝန်းကျင်တွင် ပြည်သူများသို့အသိပညာပေးခြင်း၊ Mask ၊ ဆပ်ပြာ၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းနှင့် ဗွီနိုင်း၊ ပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း … Read more









