လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့ နယ်၊ ချိုင်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၌ (၁၉-၇-၂၀၂၀) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ် ၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာ တို့ကို လည်းကောင်း၊ ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စု၊ မိန်းမလှကျေးရွာ၌ (၁၉-၇-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေ့ပြောင်းအိမ်ခြေ (၆) လုံး၊ အိမ်ထောင်(၆)စု လူဦးရေ (၂၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၀,၉၀၀) ကျပ်တို့ကို (၂၀-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည် သူများထံသို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir_fld
#mgy_jul2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)