Latest News
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉- ၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ ကြူချောင်းရွာသစ်ကျေးရွာရှိ အိမ်ခြေ (၇၁) ၊ အိမ်ထောင်စု (၇၁) စု၊ လူဦးရေ (၃၅၈) ဦး တို့ကို သောက်သုံးရေဂါလံပေါင်း (၆,၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။ #ha_drg #mgy_jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၈-၇-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီချိန်မှ နေ့လည်(၁၄:၀၀) နာရီချိန်အထိ ကျောက်တွင်းကျေးရွာ အုပ်စုရှိ ကျောက်တွင်းကျေးရွာ၊ ဆင်ထောက်ကျေးရွာ၊ ဝဲမကိုက်ကျေးရွာ၊ စွန်ကြီးကျေးရွာ မှ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက် နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ် များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ … Read more
-
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၉/၇၃/၇၅/၇၆/၇၇/၇၈)ရပ်ကွက်များအတွင်း Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၉/၇၃/၇၅/၇၆/၇၇/၇၈)ရပ်ကွက်များအတွင်း Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များအား သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_jul2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့တွင် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဆင်ပိုက်အလယ်စုကျေးရွာ၊ ဆင်ပိုက်အရှေ့စုကျေးရွာ၊ ဆင်ပိုက်အနောက်စုကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ မအူတန်းကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ရှားစီးဘိုကျေးရွာ၊ ကျခတ်တန်းကျေးရွာနှင့် ရွာသစ်ကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_jul2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များအတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ကသာမြို့နယ်၊ သူဌေးကုန်းရပ်ကွက်၊ မြေနုကျေးရွာအုပ်စု မြေနုကျေးရွာ၊ ဒုံးအော့ကျေးရွာအုပ်စု ဒုံးအော့ကျေးရွာ၊ မြိုင်သာယာကျေးရွာနှင့် ဘန့်ဘွေးကုန်းကျေးရွာ၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု စစ်ကုန်းကျေးရွာတို့မှ ရေဘေးသင့်အိမ်ထောင်စု(၇၁)စုရှိ လူဦးရေ(၂၉၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၀၉၀၀၀) ကျပ်၊ ထီးချိုင့်မြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ စစ်တန်းကျေးရွာအုပ်စု စစ်တန်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၃၁)စုရှိ လူဦးရေ(၁၃၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၈၉၈၀၀) ကျပ်နှင့် ဆပ်ပြာ (၂၉) တောင့်၊ အဝတ် Mask (၁၃၀)ခုတို့အား … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေး၊ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ပံ့ပိုးကူညီရေးနှင့် COVID-19 လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး
~~~~~~ Source: MOSWRR ~~~~~~ ဇူလိုင် ၁၈၊ စစ်တွေ ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၈-၇-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချ ထားရေး၊ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ပံ့ပိုးကူညီရေးနှင့်COVID-19 လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု … Read more









