ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေး ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဇီးဖြူပင် ကျေးရွာအုပ်စု၊ ကျွန်းကလေး ကျေးရွာ၌ (၂၈-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်အား (၃-၁၁- ၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_nov2020 Source:             စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ ​ကဒီး​ကျေးရွာ၊ ကွင်းအမှတ်(၁၁၉၅)တွင် (၃၀-၁၀-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ကဒီးကျေးရွာမှ မိုးကြိုးထိမှန်၍ ​သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့​ငွေ(၃၀၀,၀၀၀ိ/-)အား (၃-၁၁-၂၀၂၀)ရက်​နေ့ (၁၃:၀၀)အချိန်တွင် ​လွှတ်​တော်ကိုယ်စားလှယ်များနှင့်အတူ ​သေဆုံးသူ၏ ​ဆွေမျိုးထံသို့ သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_tls #mdy_nov2020 Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ပြည်သူများအား Covid-19 အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်မှ (၁၅:၀၀)အချိန်အထိ  ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား  ပျဉ်းမနားမြို့နယ်၊မန်ကျည်းတောရပ်ကွက်၊  ပေါင်းလောင်(၁)ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်ကွက်၊ ဘိုကုန်းရပ်ကွက်၊ ဘိုမင်းခေါင်ရပ်ကွက်၊ ပန်းခင်းရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးခြင်းများ ထိရောက်စွာဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_nov2020 Source:             နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ​​​အောင်ပန်း​ချောင်းကျေးရွာအုပ်စု၊​ အောင်ပန်း​ချောင်းကျေးရွာတွင်(၂၈-၁၀-၂၀၂၀)ရက်နေ့၊(၀၈:၃၀)အချိန်၌ ချင်းတွင်းမြစ်​ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၅၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၁၁၅၅၀ဝိ/-)၊ စုစုပေါင်းကျပ်(၁၁၁၅၅၀ဝိ/-)အား(၃-၁၁-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_nov2020 Source:           ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆/၂၇-၁၀-၂၀၂၀)ရက်နေ့၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာ(၁၁)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၅)လုံး၊ အမိုးလန်နေအိမ်(၆၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၆၅)စုရှိ လူဦးရေ (၂၈၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၅၉၂၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၉၂၂၀၀ိ/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၅)အိမ်ထောင်စာနှင့်(၂၄-၁၀-၂၀၂၀)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွါ(၂)ရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၂၃၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၃၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၂)အိမ်ထောင်စာ အား(၃-၁၁-၂၀၂၀)ရက်နေ့ (၁၂း၀၀)နာရီအ … Read more

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောင့်သောင်းခရိုင်ဦးစီးမှူးရုံးမှ (၂.၁၁.၂၀၂၀)ရက်နေ့  ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ အတွင်းဘုတ်ပြင်းကျေးရွာနှင့် ထောင်စုံမဟက်ကျေးရွာအတွင်းရှိ ပြည်သူများအား မိုးရာသီကာလအတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ covid19ရောဂါနှင့်ပက်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊Hand Speakerဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_nov2020 Source:           ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)