လေဘေးသင့်ပြည်သူများကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆/၂၇-၁၀-၂၀၂၀)ရက်နေ့၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာ(၁၁)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၅)လုံး၊ အမိုးလန်နေအိမ်(၆၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၆၅)စုရှိ လူဦးရေ (၂၈၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၅၉၂၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၉၂၂၀၀ိ/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၅)အိမ်ထောင်စာနှင့်(၂၄-၁၀-၂၀၂၀)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွါ(၂)ရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၂၃၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၃၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၂)အိမ်ထောင်စာ အား(၃-၁၁-၂၀၂၀)ရက်နေ့ (၁၂း၀၀)နာရီအ ချိန်တွင် စံရွေးကျေးရွာအုပ်စု၊စံရွေးကျေးရွာ၊ ရွှေဘုန်းပွင့်ဘုရားတန်ဆောင်းအတွင်း ထောက်ပံ့ပေးအပ်ခဲ့ရာ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာဘေးသင့်ဒေသမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ပြီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw/rbe

#bgo_nov2020

Source:           မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events