လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင်(၂၈-၁၀-၂၀၂၀)ရက်နေ့၊(၀၈:၃၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၅၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၁၁၅၅၀ဝိ/-)၊ စုစုပေါင်းကျပ်(၁၁၁၅၅၀ဝိ/-)အား(၃-၁၁-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_nov2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)