ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၂/၂၀၂၁)

    ဇွန်လ ၂၊ နေပြည်တော် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး (၂/၂၀၂၁) ကို ယနေ့နံနက်ပိုင်းက   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှု အောက်တွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့် ကော်မတီ အစည်းအဝေး … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၁) ရက်နေ့၊ (၁၆:၀၀)နာရီအချိန်ခန့်၌ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပုပ္ပကန်ကျေးရွာ အုပ်စု၊ မကျီးပင်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၄၂၀ဝ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀ဝ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၀၄၂၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာတို့အား (၃၁-၅-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_jun2021 Source:  ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ မိုးဦးကာလ တွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခြင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်များအားကြည့်ရှုစစ်ဆေးခြင်းများဆောင်ရွက်

    #hl1_otr #mdy_jun2021 Source:  MOSWRR ၃၀-၅-၂၀၂၁ ၊ မန္တလေး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၃၀-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်ရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ(မန္တလေး)သို့ရောက်ရှိခဲ့ပြီး မိုးကြို ကာလနှင့်မိုးဦးကာလတွင် ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဖြန့်ခွဲထောက်ပံ့နိုင် ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို   ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် သိုလှောင်ရုံတာဝန်ခံက … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၁) ရက်နေ့၊ (၁၇:၀၅)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀)ဦးအတွက်  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၁၀၀၀/-) ကျပ်အား (၃၁-၅-၂၀၂၁) ရက်နေ့ (၁၃:၀၀)အချိန်တွင်  ဝက်လက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့် ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2021 Source:  ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၁) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းလူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၀၅၀ဝိ/-)အား (၃၁-၅-၂၀၂၁) ရက်နေ့ (၁၂:၃၀)နာရီ အချိန် တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_may2021

  • လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းနှင့် ဝန်ကြီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများ၊ စခန်းများအားလှည့်လည်ကြည့်ရှုစစ်ဆေး

    မန္တလေး ၂၉-၅-၂၀၂၁ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများ၊ မသန်စွမ်းသူများနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ ခြင်းအခမ်းအနားကို (၂၉-၅-၂၀၂၁) ရက်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဦးမောင်ကို၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ မန္တလေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အသက်(၈၅) နှစ်အထက်ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက … Read more