လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၁) ရက်နေ့၊ (၁၆:၀၀)နာရီအချိန်ခန့်၌ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပုပ္ပကန်ကျေးရွာ အုပ်စု၊ မကျီးပင်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၄၂၀ဝ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀ဝ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၀၄၂၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာတို့အား (၃၁-၅-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_jun2021
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)